ရဝမ်ဒါ လူမျိုးတုံးသတ်ဖြတ်မှုတွင် သေဆုံးသွားသူများ၏အရိုးများကို တူးဖော်တွေ့ရှိ

(GMT+08:00)2024-01-25 15:42:05  

ဇန်နဝါရီလ ၂၃ရက်နေ့က ရဝမ်ဒါနိုင်ငံ Ngoma၌ ရွာသားများနှင့်စေတနာ့ဝန်ထမ်းများ သည် အိမ်တစ်လုံး၏အုတ်မြစ်ကို တူးဖော်ရာတွင် ၁၉၉၄ခုနှစ်က ရဝမ်ဒါ လူမျိုးတုံး သတ်ဖြတ်မှုမှာ အသက်ဆုံးရှုံးသွားသူများ၏ ရုပ်အလောင်းအရိုးများကို တွေ့ရှိခဲ့ပါသည်။ ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၂၁ရက်နေ့မှစပြီး ရုပ်အလောင်းပေါင်း ၈၂လောင်းကို တွေ့ရှိပြီဖြစ်ပါသည်။ ၂၀၂၄ခုနှစ်တွင် ရဝမ်ဒါနိုင်ငံ Tutsi လူမျိုးတုံးသတ်ဖြတ်မှုခံခဲ့ရသည့် အနှစ် ၃၀ပြည့်မြောက်ခြင်း အထိမ်းအမှတ်ပြုလုပ်မည်ဖြစ်ပါသည်။ ၁၉၉၄ခုနှစ် က ဧပြီလမှ ဇူလိုင်လအထိ လူ ၈သိန်းခန့် လူမျိုးတုံးသတ်ဖြတ်ခြင်းခံခဲ့ရပါသည်။