ယခုနှစ် ဖေဖော်ဝါရီလ ၉ရက်နေ့ မှစ၍ တရုတ်နှင့် စင်ကာပူ အကြား ဗီဇာ ကင်းလွတ်ခွင့် အပြန်အလှန်ပေးမည်

(GMT+08:00)2024-01-25 15:59:13  

ယခုလ ၂၅ရက်နေ့တွင် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ အစိုးရနှင့် စင်ကာပူ သမ္မတ နိုင်ငံ အစိုးရမှ ကိုယ်စားလှယ်များသည် ဘေကျင်း၌ “တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ အစိုးရနှင့် စင်ကာပူ သမ္မတ နိုင်ငံ အစိုးရတို့၏ သာမန်passport ရှိသူများ အတွက် ဗီဇာ ကင်းလွတ်ခွင့် အပြန်အလှန်ပေးခြင်း ဆိုင်ရာ သဘောတူ စာချုပ်”ကို လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြပါသည်။ ၄င်းသဘောတူ စာချုပ်သည် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ ၉ရက်နေ့တွင် တရားဝင် အာဏာတည်မည် ဖြစ်ပါသည်။ နှစ်နိုင်ငံ အကြား တစ်နိုင်ငံမှ သာမန်passport ရှိသူများသည် ဗီဇာ မလိုဘဲ တစ်နိုင်ငံသို့ သွားရောက်ပြီး လည်ပတ်ကြည့်ရှုခြင်း၊ ဆွေမျိုးသားချင်းနှင့် တွေ့ဆုံခြင်း၊ စီးပွားရေး လုပ်ဆောင်ခြင်း စသည်များကို ပြုလုပ်နိုင်ကြောင်း၊ နေထိုင်သည့် ရက်ပေါင်း ၃၀ ရက်ထက်မကျော်လွန်ရကြောင်း သိရပါသည်။