ကျန်စီ Xinyu မှ လမ်းဘေးဆိုင်တစ်ဆိုင်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းအတွက် ရှီကျင့်ဖိန် သည် အရေးကြီး ညွှန်ကြားချက်ပေး

(GMT+08:00)2024-01-25 15:46:47  

    ဇန်နဝါရီလ ၂၄ရက်နေ့ ညနေ၃နာရီခွဲခန့်တွင် တရုတ်နိုင်ငံ ကျန်စီပြည်နယ် Xinyu မြို့ Yushui ရပ်ကွက်မှ လမ်းဘေးဆိုင်တစ်ဆိုင် မီးလောင်မှု ဖြစ်ပွားခဲ့ပါသည်။ ယခုအထိ ယင်းမတော်တဆမှုကြောင့် လူ ၃၉ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိပါသည်။

    အခင်းဖြစ်ပွားပြီးနောက် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန် က ကျန်စီပြည်နယ် Xinyu မြို့ Yushui ရပ်ကွက်မှ လမ်းဘေးဆိုင်တစ်ဆိုင် မီးလောင်မှု ဖြစ်ပွားသဖြင့် ဆိုးရွားသော လူသေကျေအနာတရဖြစ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများ အား အစွမ်းကုန် ကုသကယ်ဆယ်ပြီး သေဆုံးသူများ၏ ကျန်ရစ်သူမိသားစုဝင်များအား နှစ်သိမ့်ခြင်းနှင့် သေဆုံးသူ ဆိုင်ရာ နောက်ဆက်တွဲရေးရာများကို ကောင်းမွန်စွာ လုပ်ဆောင်ရန်၊ ၄င်းမှာ ယခုရက်များတွင် ဖြစ်ပွားခဲ့သည့် ဆိုးရွားသော မတော်တဆမှု နောက်ထပ်တစ်ရပ် ဖြစ်ကြောင်း၊ အကြောင်းရင်းကို အမြန်ဆုံး စုံစမ်းစစ်ဆေးပြီး ဥပဒေအရ အရေးယူကာ ပြန်လည်ဆင်ခြင်သုံးသပ်ရန် ညွှန်ကြားခဲ့ပါသည်။