ယူကရိန်းသည် IL-76 သယ်ယူပို့ဆောင်ရေးလေယာဉ် ပျက်ကျမှုနှင့်ပတ်သက်၍ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှု ဆောင်ရွက်မည်ဟု ယူကရိန်းသမ္မတဆို

(GMT+08:00)2024-01-25 15:42:38  

ဒေသစံတော်ချိန် ဇန်နဝါရီလ ၂၄ ရက်နေ့ ညက ယူကရိန်းသမ္မတ Zelensky ပြောကြားသည့် ဗီဒီယိုမိန့်ခွန်းတွင် ယူကရိန်းသည် ရုရှားနိုင်ငံ ပယ်လ်ကိုရိုတယ်ပြည်နယ်မှာ  IL-76 သယ်ယူပို့ဆောင်ရေး လေယာဉ် ပျက်ကျမှုနှင့်ပတ်သက်၍ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုကို ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။

အဆိုပါ လေယာဉ်သည် ရုရှားတွင် ပျက်ကျခဲ့ပြီး ယူကရိန်းက ၎င်းအား ထိန်းချုပ်မှု မရှိကြောင်းနှင့် နောက်ထပ် အချက်အလက်များကို ရှာဖွေရန် လိုအပ်ကြောင်း၊ ယူကရိန်း သိရှိသည့် သက်ဆိုင်ရာ အကြောင်းအရာများကို မိတ်ဖက်များအား အကြောင်းကြားရန် ယူကရိန်းနိုင်ငံခြားရေး ဝန်ကြီးကို ညွှန်ကြားထားပြီး လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍ ယူကရိန်းအနေဖြင့် နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုကို ဆောင်ရွက်မည်ဖြစ်ကြောင်း Zelensky က ပြောကြားခဲ့သည်ဟု သတင်းအရ သိရသည်။