ရှီကျင့်ဖိန်သည် ဥဇဘက်ကစ္စတန်သမ္မတ Mirziyoyevနှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00)2024-01-25 15:45:28  

ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်သည် တရားဝင် အလည်အပတ်ရောက်ရှိနေသော ဥဇဘက်ကစ္စတန်သမ္မတ Mirziyoyev နှင့် ပြည်သူ့ခန်းမဆောင်ကြီး၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး ခေါင်းဆောင်နှစ်ဦးတို့က တရုတ်နှင့် ဥဇဘက်ကစ္စတန်တို့သည် ခေတ်သစ် All-Weather ဘက်စုံ မဟာဗျူဟာမိတ်ဖက်ဆက်ဆံမှုကို ထားရှိရန်၊ ပိုမိုမြင့်မားသော အစမှတ် မှစ၍ တရုတ်-ဥဇဘက်ကစ္စတန် ကံကြမ္မာတူ အသိုက်အဝန်းတည်ဆောက်ရေးကို တွန်းအားပေးရန် ဆုံးဖြတ်ကြကြောင်း သတင်းရရှိပါသည်။

ရှီကျင့်ဖိန်က တရုတ်နှင့် ဥဇဘက်ကစ္စတန်တို့သည် အစဉ်တစိုက် စိတ်ရင်းစေတနာဖြင့်  အပြန်အလှန် ယုံကြည်မှုအပေါ် အခြေခံ၍ ဆက်ဆံနေကြကြောင်း၊ မျက်မှောက် ရှုပ်ထွေးသော နိုင်ငံတကာ အခြေအနေနှင့် ရင်ဆိုင်နေရသည့်အချိန်တွင် နှစ်နိုင်ငံတို့အနေနှင့် ပိုမိုခိုင်မာစွာ အပြန်အလှန် ထောက်ခံ အားပေးသင့် ကြောင်း ပြောကြားပါသည်။

Mirziyoyev က ယခုနှစ်တွင် မိမိ အနေနှင့် ပထမဆုံးပြည်ပခရီးစဉ်အတွက် တရုတ်နိုင်ငံကို ရွေးချယ်ရခြင်းသည် အရေးကြီးသော အဓိပ္ပါယ်ရှိကြောင်း၊ ဥဇဘက်ကစ္စတန်နှင့် တရုတ်နိုင်ငံတို့သည် နှစ်ပေါင်းတစ်ထောင်ကျော် သမိုင်းသက်တမ်းရှိ အစဉ်အလာ ချစ်ကြည်ရင်းနှီးမှု ရှိပြီး နှစ်နိုင်ငံကြား ဆက်ဆံရေးသည် အရည်အသွေး မြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းထားနေကြောင်း ပြောကြားပါသည်။