ဆီးရီးယားအသင်းသည် အိန္ဒိယအသင်းကို ၁ဂိုးဂိုးမရှိဖြင့် အနိုင်ရရှိ

(GMT+08:00)2024-01-24 14:33:11  

ဇန်နဝါရီလ ၂၃ရက်နေ့က ကျင်းပသော အာရှဖလားဘောလုံးပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲ အုပ်စု B ၏ နောက်ဆုံးပြိုင်ပွဲ နှစ်ပွဲတွင် သြစတြေးလျအသင်းသည် ဥဇဘက်ကစ္စတန်အသင်းကို ၁ဂိုးသရေဖြင့် အုပ်စုပထမနှင့် ဥဇဘက်ကစ္စတန်အသင်းက ဒုတိယဖြင့် ဒုတိယအဆင့်သို့ တက်ရောက်ခဲ့ကြပြီး ဆီးရီးယားအသင်းသည် အိန္ဒိယအသင်းကို ၁ဂိုးဂိုးမရှိဖြင့် ဒုတိယအဆင့်သို့ တက်ရောက်ခဲ့ပါသည်။

    ယခုအကြိမ် အာရှဖလားဘောလုံးပြိုင်ပွဲ အုပ်စုလိုက်ပြိုင်ပွဲ၏ စည်းမျဉ်းများအရ ရလဒ် အကောင်းဆုံးသော တတိယအသင်း ၄ သင်းတို့သည် ဒုတိယအဆင့်သို့ တက်ရောက်နိုင် ကြပါသည်။ အုပ်စု B တတိယဖြင့် ဆီးရီးယားအသင်းသည် ဒုတိယအဆင့်သို့ တက်ရောက် ခဲ့ပါသည်။