ကင်ညာ နိုင်ငံခြားရေးဝန်ကြီး မူဒါဗာဒီသည် တရုတ်နိုင်ငံသို့ လာရောက် ခရီးလှည့်လည်မည်

(GMT+08:00)2024-01-24 10:34:05  

    တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ၏ ဖိတ်ကြားချက်အရ ကင်ညာ နိုင်ငံခြားရေးဝန်ကြီး မူဒါဗာဒီသည် ဇန်နဝါရီလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ တရုတ်နိုင်ငံသို့ တရားဝင် လာရောက် ခရီးလှည့်လည်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ပြောကြားပါသည်။