တူရကီလွှတ်တော်သည် ဆွီဒင်၏ နေတိုးအဖွဲ့ဝင်ဖြစ်ရန်အဆိုပြုချက်ကို အတည်ပြု

(GMT+08:00)2024-01-24 10:38:18  

   ဒေသစံတော်ချိန် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် တူရကီနိုင်ငံ၏ မဟာအမျိုးသားလွှတ်တော်သည် နေတိုးအဖွဲ့တွင် ဆွီဒင် နိုင်ငံ ပါဝင်ရန် စာချွန်တော်နှင့် ပတ်သက်သော အဆိုပြုချက်မူကြမ်းကို ဆွေးနွေးခဲ့သည်။ လွှတ်တော်တွင်း အကြီးဆုံးပါတီဖြစ်သည့် တရားမျှတမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရီပတ်ဘလစ်ကန်ပြည်သူ့ပါတီနှင့် အမျိုးသားလှုပ်ရှားမှုပါတီ တို့သည်  အဆိုပါ  စာချွန်တော်ကို ထောက်ခံခဲ့ကြသည်။  ယင်းနောက် မဲခွဲဆုံးဖြတ်မှုတွင် လွှတ်တော်အမတ် စုစုပေါင်း ၃၄၆ ဦးပါဝင်ခဲ့သည့်အနက် ထောက်ခံမဲ ၂၈၇ မဲ၊ ကန့်ကွက်မဲ ၅၅ မဲနှင့် ကြားနေမဲ ၄ မဲရှိပါသည်။ နောက်ဆုံးတွင် မဟာအမျိုးသားလွှတ်တော်က ယင်း အဆိုပြုချက်မူကြမ်းကို အတည်ပြုခဲ့သည်။