မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး၌ ဖြစ်ပွားခဲ့သော လက်နက်ကိုင်တိုက်ခိုက်မှုကြောင့် လူ ၆ဦးသေဆုံး

(GMT+08:00)2024-01-24 15:33:47  

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဇန်နဝါရီလ ၂၃ရက်နေ့က ထုတ်ပြန်သော သတင်းအရ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး၌ ၂၃ရက်နေ့က လက်နက်ကိုင်တိုက်ခိုက်မှုဖြစ်ပွားခဲ့သောကြောင့် လူ ၆ဦးသေဆုံးပြီး ၁ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။

မြန်မာနိုင်ငံ လုံခြုံရေးတပ်ဖွဲ့မှဝန်ထမ်းများသည် အဆိုပါဒေသ၏လုံခြုံမှုကို အားဖြည့်ရန် လိုအပ်သောဆောင်ရွက်ချက်များကို ကျင့်သုံးဆောင်ရွက်နေကြောင်း သတင်းရရှိပါသည်။