Nauruနိုင်ငံYarenတွင် CMG သတင်းဌာန တည်ထောင်

(GMT+08:00)2024-01-24 15:38:19  

တရုတ်နှင့် Nauru နှစ်နိုင်ငံ အစိုးရတို့၏ ခွင့်ပြုချက်အရ Nauruနိုင်ငံ Yaren ဆိုင်ရာ China Media Group၏ သတင်းဌာနသည် ယခုလ ၂၄ရက်နေ့က တည်ထောင်ခဲ့ ပါသည်။ ယင်းသည် ပင်လယ်ရပ်ခြားတွင် China Media Group၏ ၁၉၂ခုမြောက် သတင်းဌာန ဖြစ်ပါသည်။

Nauruအစိုးရ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး Lionel Aingimeaက မကြာခင်က CMGသတင်းထောက်၏ သီးသန့်အင်တာဗျူးကို လက်ခံဖြေကြားရာတွင် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူကို အသိအမှတ်ပြုပြီး ထိုင်ဝမ် အာဏာပိုင်နှင့် သံတမန် ဆက်ဆံရေးကို ဖြတ်တောက်ခဲ့ခြင်းသည် Nauruအစိုးရမှ အပြည့်အဝ ဆွေးနွေးပြီး ပြုလုပ်သော မှန်ကန်သည့် ဆုံးဖြတ်ချက် ဖြစ်ကာ Nauru၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခွင့်အလမ်းသစ်များကို ဆောင်ကြဉ်းလာမည် ဖြစ်ကြောင်း၊ CMGသတင်းထောက် အနေနှင့် တစ်ကမ္ဘာလုံးအား Nauruနှင့် ပတ်သက်၍ ပိုမိုများပြားသော သတင်းထုတ်ပြန်မှု ပြုလုပ်ရန် ကြိုဆိုကြောင်း ပြောကြားခဲ့ပါသည်။