Kiev အပါအဝင်နေရာများ တိုက်ခိုက်မှုခံခဲ့ဟု ယူကရိန်း ဆိုပြီး ယူကရိန်းမှ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်ခဲ့ဟု ရုရှား ဆို

(GMT+08:00)2024-01-24 14:34:01  

ဒေသစံတော်ချိန် ၂၃ ရက်နေ့တွင်  ယူကရိန်း ကာကွယ်ရေး တပ်မတော် စစ်ဦးစီးချုပ် Zaluzhny က ရုရှားတပ်ဖွဲ့သည် ထိုနေ့တွင် ယူကရိန်းနိုင်ငံအား လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ၌ ဒုံးကျည် မျိုးစုံ ၄၁ စင်း ကို ပစ်လွှတ်ခဲ့ပြီး ၎င်းထဲမှ ၂၁ စင်းကို ယူကရိန်း လေကြောင်းရန်ကာကွယ်ရေးအင်အားမှ ကြားဖြတ်တားဆီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ရုရှားစစ်တပ်သည် တာဝေးပစ် မြေပြင်နှင့် ဝေဟင် အခြေခံ တိကျမှုမြင့်မားသော လက်နက်များဖြင့် ယူကရိန်း၏ ဒုံးကျည်များနှင့် ၎င်း၏ အစိတ်အပိုင်းပစ္စည်းများ၊ ခဲယမ်းမီးကျောက်များနှင့် ဖောက်ခွဲရေးပစ္စည်းများထုတ်လုပ်သည့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို အစုလိုက်အပြုံလိုက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ ကြောင်း ယခုလ ၂၃ ရက်နေ့က ပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။