၂၀၂၃ခုနှစ်တွင် တရုတ် နိုင်ငံတော်ပိုင် လုပ်ငန်း ကုမ္ပဏီများ၏ ဖွံ့ဖြိုးတိုးတက်ရေး အရည်အသွေး တိုးမြင့်လာပြီး ဆန်းသစ်တီထွင်မှု အားဖြည့်ဆောင်ရွက်ကာ တရုတ် စီးပွားရေး ပြန်လည် တိုးတက်ကောင်းမွန်လာခြင်းကို အားကောင်းစွာ ကျားကန်ပေး

(GMT+08:00)2024-01-24 15:35:16  

    ယခုလ ၂၄ရက်နေ့ နံနက်ပိုင်းက တရုတ် နိုင်ငံတော် ကောင်စီ လက်အောက်ရှိ နိုင်ငံတော်ပိုင် ဓနဥစ္စာ ကြီးကြပ်ကွပ်ကဲမှု ကောင်စီသည် သတင်းစာ ရှင်းလင်းပွဲကို ကျင်းပရာတွင် သက်ဆိုင်ရာ တာဝန်ခံက ၂၀၂၃ခုနှစ်၌ တရုတ် နိုင်ငံတော်ပိုင် လုပ်ငန်း ကုမ္ပဏီများ၏ ဖွံ့ဖြိုးတိုးတက်ရေး အရည်အသွေး ဆက်တိုက် တိုးမြင့်လာပြီး ဆန်းသစ် တီထွင်မှု အားဖြည့်ဆောင်ရွက်ကာ တရုတ် စီးပွားရေး ပြန်လည် တိုးတက်ကောင်းမွန်လာခြင်းကို အားကောင်းစွာ ကျားကန်ပေးခဲ့ကြောင်း ပြောကြားခဲ့ပါသည်။