အမေရိကန် ရီပတ်ပလစ်ကန်ပါတီ၏ အကြိုရွေးကောက်ပွဲ မဲပေးခြင်းကို New Hampshire ပြည်နယ်၌ ကျင်းပပြီးစီး

(GMT+08:00)2024-01-24 14:33:32  

ဒေသစံတော်ချိန် ဇန်နဝါရီလ ၂၃ရက်နေ့ ည၈နာရီတွင် ၂၀၂၄ခုနှစ် အမေရိကန်နိုင်ငံသမ္မတရွေးကောက်ပွဲအတွက် ရီပတ်ပလစ်ကန်ပါတီ၏ အကြိုရွေးကောက်ပွဲ မဲပေးခြင်းကို  အမေရိကန်နိုင်ငံ New Hampshire ပြည်နယ်၌ ကျင်းပပြီးစီးခဲ့ပါသည်။ AP နှင့်အခြားမီဒီယာများက ဒေါ်နယ်လ် ထရန့်သည် မဲပေးပွဲတွင် အနိုင်ရရှိနိုင်ကြောင်း ချက်ချင်းခန့်မှန်းဖော်ပြခဲ့ကြ ပါသည်။
    မီဒီယာများမှ ထုတ်ပြန်ခဲ့သော ပြည်သူ့ဆန္ဒကောက်ယူမှုအရ ဒေါ်နယ်လ် ထရန့် သည် Nikki Haley ထက် ၁၀ရာခိုင်နှုန်းကျော်ဖြင့် ရှေ့ပြေးပါသည်။ New Hampshire ပြည်နယ်၌ ကျင်းပသော အကြိုရွေးကောက်ပွဲ မဲပေးပွဲသည် ဒေါ်နယ်လ် ထရန့် မှ ရီပတ်ပလစ်ကန်ပါတီ သမ္မတလောင်းဖြစ်လာဖို့ တားဆီးရန် Nikki Haley ၏ နောက်ဆုံးအခွင့်အလမ်း ဖြစ်ကြောင်း မီဒီယာများက သုံးသပ်ဖော်ပြခဲ့ကြပါသည်။