တရုတ်နိုင်ငံ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ စီးပွားရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်လာနေ

(GMT+08:00)2024-01-24 11:37:13  

တရုတ် နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံး၏ သတင်းစာရှင်းလင်းပွဲတွင် လယ်ယာ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူက ၂၀၂၃ ခုနှစ်တွင် တရုတ် နိုင်ငံ၏ စားနပ်ရိက္ခာ အထွက်နှုန်းမှာ တန်ချိန် သန်ပေါင်း၇၀၀ခန့်ရှိပြီး ပဲပိစပ် အထွက်နှုန်းမှာ ကီလိုဂရမ်  ၂၀.၈၄ ဘီလီယံအထိ ရှိကာ စံချိန်သစ် အသီးသီး တင်နိုင်ခဲ့ကြောင်း၊ ဆင်းရဲမှု ပပျောက်သော ခရိုင်များမှာ အထူးလက္ခဏာပါရှိသော အဓိက လုပ်ငန်းများကို ပြုလုပ်ပြီး တစ်နှစ်လုံးအတွင်း ဆင်းရဲတွင်းမှလွတ်မြောက်သော အလုပ်သမား ဦးရေစုစုပေါင်း ၃၃,၉၆၉,၀၀၀ရှိ၍ တစ်နှစ်လုံး ရည်မှန်းချက်ထက် ၃,၇၇၇,၀၀၀ ဦးပိုများကြောင်း၊ သိပ္ပံနည်းပညာနှင့် စက်ပစ္စည်းများ ထောက်ပံ့ကူညီမှုမှာ တည်ငြိမ်စွာ တိုးတက်လာပြီး စံနှုန်းမြင့် လယ်ယာမြေ တရုတ်မို ၈၆,၁၁၀,၀၀၀ အသစ် တည်ဆောက် သို့မဟုတ် ပြုပြင်မွမ်းမံကာ လယ်ယာသုံး စက်ပစ္စည်းများ ဆိုင်ရာ အားနည်းချက်ကို ဖြည့်စွက်ရာမှာလည်း တိုးတက်အောင်မြင်မှု ရှိကြောင်း၊ ယန်ဇီမြစ်ထဲမှ ရေနေ ဇီဝအရင်းအမြစ်များနှင့် မျိုးစုံမျိုးကွဲများလည်း ပြန်လည် ကောင်းမွန်လာသော အခြေအနေသို့ တိုးတက်ရောက်ရှိလာကြောင်း ရှင်းလင်းပြောကြားခဲ့သည်။