ဂါဇာတောင်ပိုင်း ကန်ယိုနီစ်တွင် အစ္စရေး၏ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် လူ ၂၅ ဦး သေဆုံး

(GMT+08:00)2024-01-24 14:12:16  

ဒေသစံတော်ချိန် ယခုလ ၂၃ရက်နေ့ ညက ပါလက်စတိုင်း ရုပ်မြင်သံကြားဌာနမှ သတင်းအရ ထိုနေ့တွင်ပင် အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်တောင်ပိုင်းရှိ ကန်ယိုနီစ်မြို့ကို လေကြောင်းမှ တိုက်ခိုက်ခဲ့သောကြောင့် လူ ၂၅ ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်း သိရပါသည်။

၂၃ရက်နေ့ ညက အစ္စရေးနိုင်ငံတော်ကာကွယ်ရေးစစ်တပ်၏ ထုတ်ပြန်ချက်အရ အစ္စရေးစစ်တပ်သည် ကန်ယိုနီစ်အနီးတွင် ဟားမတ်စ်တို့အသုံးပြုသည့် မြေအောက်ဥမင်လိုဏ်ခေါင်း ကွန်ရက်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ယင်းနေရာသည် အကြီးစားမြေအောက်လက်နက်ထုတ်လုပ်ရေး စခန်းတစ်ခုအပါအဝင်ဖြစ်ကြောင်း၊ ယင်းစခန်းက ဂါဇာတောင်ပိုင်းတွင် အစ္စရေးရှာဖွေတွေ့ရှိသော အကြီးဆုံးဒုံးကျည်ထုတ်လုပ်ရေးစခန်းဖြစ်ကြောင်း သိရပါသည်။