အမေရိကန်စစ်တပ်က အီရတ်နိုင်ငံရှိ နေရာအများအပြားတွင် လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ လူ ၂ ဦး သေဆုံးခဲ့

(GMT+08:00)2024-01-24 14:14:38  

ဒေသ စံတော်ချိန် ဇန်နဝါရီလ ၂၃ ရက်နေ့ညတွင် အီရတ်လုံခြုံရေးဌာနမှ သက်ဆိုင်ရာ ပုဂ္ဂိုလ်မှ ထုတ်ဖော်ပြောကြားချက်အရ ထိုနေ့ညတွင် အမေရိကန်တပ်ဖွဲ့သည် Julfsehr မြို့နယ်အနီးရှိ စစ်သင်တန်းကျောင်းကို လေကြောင်းမှတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

အီရတ် ရှီအာ(Shia) အရပ်ဘက်အဖွဲ့  “Popular Mobilization Forces” ပိုင်ဆိုင်သည့် မီဒီယာ၏ ဇန်နဝါရီလ ၂၃ရက်နေ့ ထုတ်ပြန်သည့်သတင်းအရ အမေရိကန်တပ်ဖွဲ့သည် ထိုနေ့ညတွင် F-16 တိုက်လေယာဉ်များဖြင့် ဘဂ္ဂဒက်မြို့ အနောက်တောင်ဘက် ကီလိုမီတာ ၆၀ ခန့်အကွာရှိ Julfsehr မြို့နယ်အနီးရှိ ဒေသများနှင့် အီရတ်နိုင်ငံ အနောက်ပိုင်း အန်ဘာပြည်နယ် Al-Qaim မြို့နယ် စသည့်ဒေသများကို လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

လက်ရှိအချိန်အထိ  Al-Qaimကို အမေရိကန်၏လေကြောင်းမှ တိုက်ခိုက်မှုအတွင်း “Popular Mobilization Forces”မှ အဖွဲ့ဝင် ၂ဦး သေဆုံးခဲ့ပါသည်။