တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးမှ ကျင်းပသော သတင်းစာရှင်းလင်းပွဲ တွင် ၂၀၂၃ခုနှစ် တရုတ်နိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ စီးပွားရေး လည်ပတ်မှုအခြေအနေများကို ရှင်းလင်းဖော်ပြ

(GMT+08:00)2024-01-23 17:06:26  

တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးသည် ဇန်နဝါရီလ ၂၃ရက်နေ့ နံနက်ပိုင်းတွင် သတင်းစာရှင်းလင်းပွဲကို ကျင်းပပြီး ၂၀၂၃ခုနှစ် လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ စီးပွားရေး လည်ပတ်မှုအခြေအနေများကို ရှင်းလင်းဖော်ပြခဲ့ပါသည်။
    တရုတ်လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး တိန့်ရှောင်ကန် က ဆင်းရဲနွမ်းပါးမှု လွတ်မြောက်ရေး အောင်ကျိုးရလဒ်များကို ခိုင်ခံ့တိုးတက်လာအောင် ဆောင်ရွက်ခြင်းမှာ ကျေးလက်ဒေသ ဘက်စုံတိုးတက်ဖွံ့ဖြိုးရေး တွန်းအားပေးရန်မှာ အခြေခံမျဉ်း ဖြစ်ပြီး အခက်အခဲ များစွာရှိကာ စိန်ခေါ်မှု များစွာနှင့် ရင်ဆိုင်နေရကြောင်း၊ ၂၀၂၃ခုနှစ်တွင် တရုတ်လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာ ဝန်ကြီးဌာနသည် ဆင်းရဲနွမ်းပါးမှု လွတ်မြောက်ရေး အောင်ကျိုး ရလဒ်များကို ခိုင်ခံ့ တိုးတက်လာအောင် ဆောင်ရွက်ခြင်းနှင့် ကျေးလက်ဒေသ တိုးတက်ဖွံ့ဖြိုးခြင်း ထိရောက်စွာ ချိတ်ဆက်ပေါင်းစပ်ခြင်းဆိုင်ရာ အဓိကလုပ်ငန်းများကို စနစ်တကျလုပ်ဆောင်ပြီး ဆင်းရဲ နွမ်းပါးမှု လွတ်မြောက်ရေး အောင်ကျိုးရလဒ်များကို ဆက်တိုက်ခိုင်ခံ့တိုးတက်လာအောင် ဆောင်ရွက်ကာ အတိုင်းအတာကြီးမားသော ဆင်းရဲတွင်းသို့ ပြန်လည်ဝင်ရောက်ခြင်းကို တာဆီးကာကွယ်ခြင်းဟူသော အခြေခံမျဉ်းကို ကာကွယ်ထိန်းသိမ်းခဲ့ကြောင်း၊ ဆင်းရဲ နွမ်းပါးမှု လွတ်မြောက်ရေးဒေသများမှ တောင်သူလယ်သမားများ၏ ဝင်ငွေ တိုးတက်နှုန်း သည် တစ်နိုင်ငံလုံးကျေးလက်ဒေသများ၏ ပျမ်းမျှအဆင့်အတန်းထက် ဆက်လက်မြင့်မား လာပြီး ဆင်းရဲ နွမ်းပါးမှု လွတ်မြောက်ရေးရရှိသူများ၏ ကုန်ထုတ်လုပ်မှုနှင့် နေထိုင်မှု အခြေအနေ ဆက်တိုက် တိုးတက်ကောင်းမွန်လာကာ အကျိုးစီးပွားရရှိခြင်း၊ သုခချမ်းသာမှု နှင့် လုံခြုံစိတ်ချရမှု တစ်ဆင့် မြင့်တက်လာကြောင်း ပြောကြားခဲ့ပါသည်။
    ဒုတိယဝန်ကြီး တိန့်ရှောင်ကန် က ယခုနှစ်တွင် တရုတ်လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနသည် “အခြေခံမျဉ်းကို ကာကွယ်ခြင်း၊ စွမ်းအား မြှင့်တင်ခြင်း၊ ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးခြင်း”တို့ကို အာရုံစိုက်ပြီး အတိုင်းအတာကြီးမားသော ဆင်းရဲတွင်းသို့ ပြန်လည်ဝင်ရောက်ခြင်းကို တားဆီးကာကွယ်ခြင်းဟူသော အခြေခံမျဉ်းကို ကာကွယ် ထိန်းသိမ်းသည့် အခြေခံပေါ်တွင် ပိုမိုများပြားသော အရင်းအမြစ်များကို စုစည်းပြီး ဆင်းရဲနွမ်းပါးမှု လွတ်မြောက်ရေးဒေသများနှင့် ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်သူများ၏ ဖွံ့ဖြိုး တိုးတက်ရေး စွမ်းအားကို မြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။