၂၀၂၄ နွေဦးပွဲတော်ကာလ ခရီးသွားလာမှုအဆင်ပြေအောင် အစွမ်းကုန်အာမခံပေးမည်ဟု တရုတ်ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနမှ စီစဉ်ချမှတ်

(GMT+08:00)2024-01-23 17:11:20  

တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လမ်းပန်းဆက်သွယ်မှု စီမံခန့်ခွဲရေးဦးစီးဌာနသည် ယခုလ ၂၂ ရက်နေ့က ၂၀၂၄ခုနှစ် နွေဦးပွဲတော်ကာလ သွားလာရေးဆိုင်ရာ လမ်းပန်းဆက်သွယ်မှု စီမံခန့်ခွဲရေးလုပ်ငန်းများကို စီစဉ်ချမှတ်ခဲ့ရာ ဒေသအရပ်ရပ်မှ ပြည်သူ့လုံခြုံရေး ဌာနများ လက်အောက်ရှိ လမ်းပန်းဆက်သွယ်မှု စီမံခန့်ခွဲရေးဌာနများအနေနှင့်  လုံခြုံမှုနှင့် အဆင်ပြေမှုများကို အစွမ်းကုန်အာမခံပေးပြီး  လမ်းပန်းဆက်သွယ်ရေး အခြေအနေ လုံခြုံတည်ငြိမ်စေအောင် ခိုင်မာစွာ ထိန်းသိမ်းကာ ပြည်သူလူထု နှစ်သစ်ကူး နွေဦးပွဲတော် နွှဲပျော်ရန်၊ သွားလာမှုအဆင်ပြေစေရန်  အတွက်  ကောင်းမွန်သော လမ်းပန်း ဆက်သွယ်ရေး အခြေအနေ ဖန်တီးပေးရမည်ဖြစ်ကြောင်း  တောင်းဆိုခဲ့သည်ဟု သတင်းအရသိရပါသည်။