တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းမွန်သည်ဟု နိုင်ငံခြားပညာရှင်များဆို

(GMT+08:00)2024-01-23 17:12:25  

အမေရိကန် တတ်သိပညာရှင်များအဖွဲ့ လက်အောက်ရှိ တရုတ်-အမေရိကန် အင်စတီကျု၏ နိုင်ငံတကာ ကုန်သွယ်မှု သုတေသနရုံး ဥက္ကဋ္ဌ ဒန် စတိန်ပိုခ် သည် ဇန်နဝါရီလ ၁၉ ရက်နေ့က China Daily ၌ ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့ရာ ကမ္ဘာ့စီးပွားရေး အခြေအနေ တင်းမာခက်ခဲနေသော်လည်း တရုတ်နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၃ ခုနှစ်တွင် ပြန်လည်ကောင်းမွန်လာကြောင်း ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ပြည်တွင်းကုန်ထုတ်လုပ်မှုစုစုပေါင်းပမာဏ(GDP) သည် ၂၀၂၂ခုနှစ်ကထက် ၅.၂ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး မျှော်မှန်းထားသည့် ရည်မှန်းချက်ထက် ပိုမိုမြင့်မားကြောင်း၊ စိတ်လှုပ်ရှားစရာကောင်းသည်မှာ ယခုနှစ် နွေဦးပွဲတော် ခရီးသွားကာလတွင် လူပေါင်း ၉ ဘီလီယံခန့် ခရီးသွားကြမည်ဖြစ်ပြီး လက်လီရောင်းချရေး၊ ခရီးသွားနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ သေချာပေါက်တိုးတက်စေမည် ဖြစ်ကြောင်း ဆောင်းပါးတွင် ဖော်ပြထားပါသည်။