တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးမှ "တရုတ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေစနစ်နှင့် လက်တွေ့ဖော်ဆောင်ရေး" ဆိုင်ရာ စက္ကူဖြူစာတမ်းကို ထုတ်ပြန်

(GMT+08:00)2024-01-23 17:10:57  

တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးမှ  "တရုတ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေစနစ်နှင့် လက်တွေ့ဖော်ဆောင်ရေး" ဆိုင်ရာ စက္ကူဖြူစာတမ်းကို ယခုလ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

စက္ကူဖြူစာတမ်းတွင် အကြမ်းဖက်ဝါဒသည် လူ့အသိုင်းအဝိုင်း၏ ရန်သူဖြစ်ပြီး နိုင်ငံအားလုံးနှင့် လူသားအားလုံးအတွက် စိန်ခေါ်မှုဖြစ်ကာ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ဆိုးရွားစွာ ခြိမ်းခြောက်မှုဖြစ်ကြောင်း၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးသည် နိုင်ငံတကာ အသိုက်အဝန်း၏ ဘုံတာဝန်ဖြစ်ကြောင်း၊ အကြမ်းဖက်ဝါဒ၏ သားကောင်ဖြစ်ရသည့် နိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် အကြမ်းဖက်ဝါဒ၏ ခြိမ်းခြောက်မှုကို ကာလရှည်ကြာ ရင်ဆိုင်ခဲ့ရကြောင်း၊ တရုတ်နိုင်ငံသည် အကြမ်းဖက်မှု တိုက်ဖျက်ရေး တရားဥပဒေစိုးမိုးရေးတည်ဆောက်မှုတွင် အမြဲတမ်းအလေးထား ဆောင်ရွက် လျက်ရှိပြီး နိုင်ငံတကာသဘောတူစာချုပ်များချုပ်ဆိုခြင်း သို့မဟုတ် ပါဝင်ဆောင်ရွက်ခြင်း၊ ရာဇဝတ်မှု ဆိုင်ရာ ဥပဒေများကို ပြန်လည်ပြင်ဆင်ခြင်းနှင့် ပိုမိုကောင်းမွန်ပြည့်စုံအောင် ဆောင်ရွက်ခြင်းတို့ဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆိုင်ရာ တရားဥပဒေစိုးမိုးရေး အတွေ့အကြုံများကို စဉ်ဆက်မပြတ် စုဆောင်းခဲ့ကြောင်း ဖော်ပြထားပါသည်။