၂၀၂၃ခုနှစ်တွင် တရုတ်နိုင်ငံ၌ စားနပ်ရိက္ခာ အထွက်နှုန်း ကီလိုဂရမ် ၆၉၅.၄၁ဘီလီယံ ရရှိပြီး သမိုင်းစံချိန်သစ် တင်နိုင်ခဲ့

(GMT+08:00)2024-01-23 17:06:56  

တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးသည် ဇန်နဝါရီလ ၂၃ရက်နေ့ နံနက်ပိုင်းတွင် သတင်းစာရှင်းလင်းပွဲကို ကျင်းပပြီး ၂၀၂၃ခုနှစ် လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ စီးပွားရေး လည်ပတ်မှုအခြေအနေများကို ရှင်းလင်းဖော်ပြခဲ့ပါသည်။
   တရုတ်လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး တိန့်ရှောင်ကန် က ၂၀၂၃ခုနှစ်တွင် ရှုပ်ထွေးတင်းမာသော ပြည်တွင်းပြည်ပ စီးပွားရေး အခြေအနေ၊ ကြိမ်ဖန်များစွာ ဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ခဲ့ ရာတွင် လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဌာနများသည် အခက်အခဲများကို အစွမ်းကုန် ရင်ဆိုင်ကျော်လွှားပြီး ပြဿနာများကို အစွမ်းကုန် ကိုင်တွယ်ဖြေရှင်းကာ လယ်ယာ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ၏ ခြေလှမ်းမှန်မှန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာခြင်း အရှိန်အဟုန်ကို ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း၊ လယ်ယာစိုက်ပျိုးရေး၊ ကျေးလက်ဒေသနှင့် တောင်သူ လယ်သမားတို့၏ အခြေခံအခြေအနေကို တစ်ဆင့်တက်ခိုင်မာလာအောင် ဆောင်ရွက်ပြီး စီးပွားရေးပြန်လည်ဦးမော့လာရန်၊ အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရန် ကျားကန် ပေးခဲ့ကြောင်း၊ သဘာဝဘေးအန္တရာယ်များကို ထိရောက်စွာ ရင်ဆိုင်ကျော်လွှားပြီး ၂၀၂၃ခုနှစ်တွင် စားနပ်ရိက္ခာ အထွက်နှုန်း ကီလိုဂရမ် ၆၉၅.၄၁ဘီလီယံ ရရှိပြီး ၂၀၂၂ခုနှစ်ထက် ကီလိုဂရမ် ၈.၈၈ဘီလီယံ တိုးများလာကာ သမိုင်းစံချိန်သစ် တင်နိုင်ခဲ့ကြောင်း၊ စားနပ်ရိက္ခာ အထွက်နှုန်းမှာ ကီလိုဂရမ် ဘီလီယံ ၆၅၀ကျော် ၉နှစ်ဆက်တိုက် ရရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။