“၃၈၂၀”မဟာဗျူဟာမြောက် လုပ်ငန်း အစီအစဉ် ဆောင်ရွက်ရာတွင် “ပြည်သူကို ဗဟိုပြုခြင်း”အား အစမှ အဆုံး ကျင့်သုံး

(GMT+08:00)2024-01-23 17:16:12  

၁၉၉၂ခုနှစ်က တရုတ်နိုင်ငံ ဖူးကျန့်ပြည်နယ် ဖူကျိုးမြို့ ပါတီ ကော်မတီ အတွင်းရေးမှူး တာဝန် ထမ်းဆောင်ခဲ့သော ရှီကျင့်ဖိန်သည် “လာမည့် နှစ် ၂၀တွင် ဖူကျိုးမြို့၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ ကြံဆချက်”ကို ကိုယ်တိုင် ဦးဆောင် ရေးဆွဲချမှတ်ပြီး တစ်နည်းအားဖြင့် ပြောရမည်ဆိုလျှင် “၃၈၂၀”မဟာဗျူဟာမြောက် လုပ်ငန်း အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။ ၄င်းလုပ်ငန်း အစီအစဉ်တွင် မြို့ပြ တည်ဆောက်ရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး၊ ယဉ်ကျေးမှု၊ ပညာရေး စသည်များနှင့် ပတ်သက်၍ စီမံကိန်းများကို သီးခြားစီ ချမှတ်ခဲ့ပြီး “ပြည်သူကို ဗဟိုပြုခြင်း”ဟူသော ဖွံ့ဖြိုးတိုးတက်ရေး အတွေးအခေါ် အစမှ အဆုံး ပါဝင်ပါသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ကျော် အတွင်း ဖူကျိုးမြို့သည် “ပြည်သူကို ဗဟိုပြုခြင်း”အား စွဲကိုင်ကျင့်သုံးသောကြောင့် ပြည်သူများ၏ အကျိုးစီးပွားရရှိခြင်း၊ စိတ်ချမ်းသာမှုနှင့် လုံခြုံစိတ်ချရမှု များ ဆက်တိုက်တိုးလာပါသည်။

ဖူကျိုးမြို့ နေထိုင်သူများ၏ နှစ်စဉ် လူတစ်ဦးချင်း ပျမ်းမျှ ဝင်ငွေ ပမာဏမှာ ၁၉၉၂ခုနှစ်က ၂၂၇၃ယွမ်ရှိရာမှ ၂၀၂၃ခုနှစ်တွင် ၅၈၀၀၉ယွမ်ရရှိသည် အထိ တိုးလာကြောင်း၊ ကျေးလက်ဒေသ နေထိုင်သူများ၏ နှစ်စဉ် လူတစ်ဦးချင်း ပျမ်းမျှ ဝင်ငွေ ပမာဏမှာ ၁၉၉၂ခုနှစ်က ၁၁၀၉ယွမ်ရှိရာမှ ၂၀၂၃ခုနှစ်တွင် ၂၈၆၃၆ယွမ်ရရှိသည် အထိ တိုးလာကြောင်း သက်ဆိုင်ရာ စာရင်းများအရ သိရပါသည်။