ရှင်းကျန်း Aksuဒေသ Wushiခရိုင်၌ ရစ်ချ်တာစကေး ၇.၁ အဆင့်ရှိ ငလျင် ဖြစ်ပွားခဲ့သောကြောင့် လူ ၃ဦး ဒဏ်ရာရရှိ

(GMT+08:00)2024-01-23 17:11:55  

    ဇန်နဝါရီလ ၂၃ရက်နေ့ နံနက် ၂နာရီ ၉မိနစ် အချိန်က ရှင်းကျန်းဝေဂါကိုယ်ပိုင် အုပ်ချုပ်ရေးဒေသ Aksuဒေသ Wushiခရိုင်၌ ရစ်ချ်တာစကေး ၇.၁ အဆင့်ရှိ ငလျင်လှုပ်ခတ် ခဲ့ကြောင်း၊ ငလျင် ဗဟိုချက်သည် Wushiခရိုင်ရှိ တောင်တန်းမြင့်ဒေသ၌ တည်ရှိကြောင်း၊ ငလျင်ဗဟိုချက်နှင့် ၅ကီလိုမီတာ ကွာဝေးသောနေရာများသည် ပင်လယ်ရေမျက်နှာပြင် အထက် ပျမ်းမျှ ၃၀၄၈မီတာရှိပြီး လူနေ နည်းပါးကြောင်း တရုတ် ငလျင် ကွန်ရက်မှ တရားဝင်တိုင်းတာချက်အရ သိရသည်ဟု China Media Groupက ရေးသားဖော်ပြပါသည်။