China Media Group ၂၀၂၄ခုနှစ် နွေဦးပွဲတော်အနုပညာပဒေသာကပွဲ ဒုတိယအကြိမ် အစမ်းလေ့ကျင့်မှု ပြုလုပ်

(GMT+08:00)2024-01-22 13:23:23  

ဇန်နဝါရီလ ၂၁ရက်နေ့က China Media Group ၂၀၂၄ခုနှစ် နွေဦးပွဲတော် အနုပညာ ပဒေသာကပွဲ ဒုတိယအကြိမ် အစမ်းလေ့ကျင့်မှုကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းနေ့ ဘေကျင်း၏ အစီအစဉ်များနှင့်တစ်ချိန်တည်းတွင် နွေဦးပွဲတော်အနုပညာ ပဒေသာကပွဲ ကျင်းပမည့် Liaoning Shenyang ၊ Hunan Changsha ၊ Shaanxi Xi'an နှင့် Xinjiang Kashgar တို့၏ အစီအစဉ်များလည်း ပထမဆုံးအကြိမ် လေ့ကျင့်မှုပြုလုပ် ခဲ့ပါသည်။ နွေဦးပွဲတော် အနုပညာပဒေသာကပွဲ သည် “ပျော်ရွှင်ပြီး မင်္ဂလာရှိကာ ပီတိအဟုန်ဖြင့်ရွှင်မြူး”သော အခြေအနေမျိုး အပြည့်အဝ ခံစားနိုင်ပြီး ခရီးသစ် ချီတက်နေသော တရုတ်နိုင်ငံ အနယ်နယ် အရပ်ရပ်မှ အခြေအနေသစ်ကို ပြသပါသည်။