Donetskကို ယူကရိန်းစစ်တပ် ပစ်ခတ်မှုကြောင့် လူ၅၀ထက်မနည်းသေဆုံး

(GMT+08:00)2024-01-22 14:41:10  

ရိုက်တာ သတင်းဌာန၏ ဖော်ပြချက်အရ ဒေသစံတော်ချိန် ယခုလ ၂၁ရက်နေ့က Donetsk ဒေသ၏ခေါင်းဆောင် ဒန်နီစ်·ဖူလင်ရှ်က ယူကရိန်း စစ်တပ်၏ ပစ်ခတ်မှုကြောင့် လူ ၂၇ ဦး သေဆုံးပြီး ၂၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒေသစံတော်ချိန် ၂၁ရက်နေ့သည် Donetsk ၏ ဝမ်းနည်းစရာနေ့ ဖြစ်သည်ဟု ဖူလင်ရှ်က ကြေညာခဲ့ကြောင်း၊ ယခုရက်များတွင် ယူကရိန်းက ယင်းကိစ္စနှင့် ပတ်သက်ပြီး မှတ်ချက်မပေးသေးကြောင်း ဖော်ပြခဲ့သည်ဟု သတင်းအရ သိရပါသည်။