ယူနန်ပြည်နယ် ယင်ကျန်းခရိုင်နယ်စပ်ဒေသမှ နယ်ခြားစောင့်ရဲများနှင့် ဌာနေပြည်သူ့စစ် များ ပူးတွဲနယ်စပ်ကင်းလှည့်

(GMT+08:00)2024-01-22 13:24:59  

    ယခုရက်များက ဝမ်ဒိန်- နယ်စပ်အဝင်အထွက် စစ်ဆေးရေးစခန်း Sudian စခန်းခွဲ သည် နယ်စပ်ရဲစခန်းနှင့် ဌာနေပြည်သူ့စစ်တို့ ပူးပေါင်းပြီး ကင်းလှည့်အဖွဲ့ကို ဖွဲ့စည်း၍

ယူနန်ပြည်နယ် ယင်ကျန်းခရိုင် တရုတ်-မြန်မာ နယ်စပ်ရှိ နယ်နိမိတ်ကျောက်တိုင် အမှတ် ၈ မှ အမှတ် ၁၀ အထိ ကင်းလှည့်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြပါသည်။ ယင်းဒေသတွင် တစ်နှစ်ပတ်လုံး လေ၊ ဆီးနှင်းခဲ၊ မိုးနှင့် မြူခိုးများ ကြုံတွေ့ရပြီး ဆောင်းရာသီတွင် ပျမ်းမျှ နေရောင်ခြည်ရရှိခြင်းက  ၄ နာရီထက်မများဘဲ လေအေးများလည်း နယ်နိမိတ်မျဉ်း တစ်လျှောက် ဆက်တိုက်တိုက်ခတ်လျက်ရှိပါသည်။ အဖွဲ့ဝင်များသည် ဆိုးရွားသော အအေးဒဏ်ခံပြီး နယ်စပ်တစ်လျှောက်တွင် ဆယ် ကီလိုမီတာကျော် လမ်းလျှောက်ကာ ပူးတွဲနယ်စပ်ကင်းလှည့်ရေးတာဝန်ကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြသည်ဟု သတင်း အရသိရပါသည်။