ရှင်းကျန်း တရုတ်နှစ်သစ်ကူး ကုန်စည်ပြပွဲ ဖွင့်လှစ်

(GMT+08:00)2024-01-22 14:40:17  

ဇန်နဝါရီလ ၂၁ ရက်နေ့က  ၂၀၂၄ခုနှစ်  (၁၆ကြိမ်မြောက်) ရှင်းကျန်း နှစ်သစ်ကူး ကုန်စည်ပြပွဲကို  ဝူလူမုချီမြို့ရှိ ရှင်းကျန်းနိုင်ငံတကာကုန်စည်ပြပွဲစင်တာတွင် ဖွင့်လှစ်ခဲ့ ပါ သည်။ ယခုအကြိမ် ကုန်စည်ပြ ပွဲတွင် ပြပွဲဇုန် ၁၂ ခု နှင့် နိုင်ငံတကာအဆင့်မီ ပြခန်းပေါင်း ၈၀၀ ရှိပါသည်။ သက်တမ်း ရှည်ကြာ သည့် နာမည်ကြီးကုန်ပစ္စည်းများ၊ နာမည်ကျော်ကြားပြီး အရည်အသွေး ကောင်းသည့် ကုန်ပစ္စည်းများ၊ လယ်ထွက်ကုန်ပစ္စည်းများနှင့် သွင်းကုန် ပစ္စည်းများ စသော နိုင်ငံတစ်ဝှမ်းလုံးမှ နှစ်သစ်ကူးကုန်ပစ္စည်း အမျိုးအစား စုစုပေါင်း ၁သောင်းကျော်ကို ပြသ ရောင်းချပြီး၊ မြို့သူမြို့သားများအတွက် တစ်နေရာ တည်းတွင် လိုအပ်သောပစ္စည်းများကို ရွေးချယ်ဝယ်ယူနိုင်ပါသည်။