အီကွေဒေါသည် “ပြည်တွင်း လက်နက်ကိုင်အချင်းပွားမှု” ဖြစ်ပွားပြီးနောက် လူပေါင်း ၂၇၆၃ဦးကို ဖမ်းဆီး

(GMT+08:00)2024-01-22 13:24:24  

ဒေသစံတော်ချိန် ဇန်နဝါရီလ ၂၁ရက်နေ့က အီကွေဒေါနိုင်ငံသမ္မတရုံးမှ ထုတ်ပြန်သောကြေညာချက် အရ အီကွေဒေါနိုင်ငံသည် ၉ရက်နေ့ကစပြီး “ပြည်တွင်း လက်နက်ကိုင်အချင်းပွားမှု” အခြေအနေကို ကြေညာခဲ့ပြီးနောက် အီကွေဒေါလုံခြုံရေးတပ်ဖွဲ့သည် တစ်နိုင်ငံလုံး၌ လူပေါင်း ၂၇၆၃ဦးကို ဖမ်းဆီးခဲ့ပြီး ၎င်းအနက် လူ ၁၅၈ဦးသည် အကြမ်းဖက်မှုကြောင့် အဖမ်းခံခဲ့ရကြောင်း သိရပါသည်။

ယခုတစ်လော အီကွေဒေါနိုင်ငံ၌ မူးယစ်ဆေးသခင် ထွက်ပြေးလွတ်မြောက်မှု၊ အကျဉ်းထောင် ဆူပူမှု နှင့် လက်နက်ကိုင်သမားများ ရုပ်မြင်သံကြားဌာနသို့ ဝင်ရောက်ပြီး ဝန်ထမ်းများကို ခြိမ်းခြောက် အကျပ်ကိုင်မှု စသောမှုခင်းများ ရှေ့ဆင့်နောက်ဆင့် ဖြစ်ပွားခဲ့ပါသည်။ အီကွေဒေါ သမ္မတ Daniel Noboa သည် ၉ရက်နေ့တွင် အမိန့်ကို လက်မှတ်ရေးထိုးပြီး “ပြည်တွင်း လက်နက်ကိုင်အချင်းပွားမှု” အခြေအနေသို့ ရောက်ရှိနေကြောင်း ကြေညာခဲ့ကာ လက်နက်ကိုင်တပ်ဖွဲ့နှင့်ရဲတပ်ဖွဲ့များအား တစ်ပြည်လုံး၌ ကြိုတင်ကြံစည်မှု ရှိသော ရာဇဝတ်မှုများကို တိုက်ဖျက်ရန် လှုံ့ဆော်ခဲ့ကြောင်း သတင်းရရှိပါသည်။