ယူနန်ပြည်နယ် ကျောထွန်းမြို့ ကျင့်ရွှံခရိုင်တွင် ဖြစ်ပွားခဲ့သည့် တောင်မြေပြိုကျမှု ကယ်ဆယ်ရေးလုပ်ငန်းများ နှင့်ပတ်သက်၍ ရှီကျင့်ဖိန် ညွှန်ကြား

(GMT+08:00)2024-01-22 14:36:22  

ဒေသစံတော်ချိန် ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် နာရီခန့်တွင် ယူနန်ပြည်နယ် ကျောထွန်းမြို့ ကျင့်ရွှံခရိုင် လျန်ရွှေကျေးရွာမှာ တောင်မြေပြိုကျမှု ဖြစ်ပွားခဲ့ရာ လူနေအိမ် ၁၈ လုံး ပျက်စီးခဲ့ပြီး လူ ၄၇ ဦး ပျောက်ဆုံးနေကြောင်း သတင်းရရှိပါသည်။

သဘာဝဘေးအန္တရာယ် ဖြစ်ပွားပြီးနောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ကယ်ဆယ်ရေး အင်အားများ အမြန်ဆုံးဖွဲ့စည်းပြီး ပျောက်ဆုံးနေသူများကို ရှာဖွေကယ်ဆယ်ဖို့ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ရကာ အသေအပျောက် လျော့ပါးရန်အတွက် တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်ရကြောင်း ညွှန်ကြားခဲ့ပါသည်။ လက်ရှိအချိန်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။