“၃၈၂၀”မဟာဗျူဟာကို မည်သို့ အားကောင်းစွာ လက်တွေ့ အကောင်အထည် ဖော်ဆောင်မည်နည်း၊ အဖြေမှာ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု မူဝါဒကို စွဲကိုင်ခြင်းပင် ဖြစ်သည်

(GMT+08:00)2024-01-22 14:35:58  

     “၃၈၂၀”မဟာဗျူဟာမြောက် လုပ်ငန်း အစီအစဉ်သည် ၁၉၉၃ခုနှစ်က တရုတ်နိုင်ငံ ဖူးကျန့်ပြည်နယ် ဖူကျိုးမြို့ ပါတီ ကော်မတီ အတွင်းရေးမှူး တာဝန် ထမ်းဆောင်ခဲ့သည့် ရှီကျင့်ဖိန်က ကိုယ်တိုင် ဦးဆောင် ရေးဆွဲချမှတ်ခဲ့သော “လာမည့် နှစ် ၂၀တွင် ဖူကျိုးမြို့၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ ကြံဆချက်”ဖြစ်ပြီး ဖူကျိုးမြို့၏ ဖွံ့ဖြိုးတိုးတက်မှု အတွက် အထွေထွေ လုပ်ငန်းစဉ်၊ လမ်းညွှန်ချက်နှင့် နည်းလမ်းများကို ချမှတ်ပေးခဲ့ပါသည်။ “၃၈၂၀”မဟာဗျူဟာမြောက် လုပ်ငန်း အစီအစဉ်ကို မည်သို့ အားကောင်းစွာ လက်တွေ့ အကောင်အထည် ဖော်ဆောင်မည်နည်း။ ရှီကျင့်ဖိန်သည် ပြုပြင်ပြောင်းလဲမှုကို နက်ရှိုင်းစေပြီး တံခါးဖွင့်မှုကို တိုးချဲ့ဆောင်ရွက်မည့် လုပ်ငန်းတွေးခေါ်နည်းကို ဖော်ပြခဲ့ပါသည်။ ၄င်းက ပြုပြင်ပြောင်းလဲမှုသည် မိမိတို့ အတွက် ရှင်သန်တက်ကြွမှုကို ဆောင်ကြဉ်းပေးသလို တံခါးဖွင့်မှုသည် မိမိတို့အတွက် အင်အားကို ဆောင်ကြဉ်းပေးကြောင်း ပြောကြားပါသည်။ ဖူကျိုးမြို့သည် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု အပေါ် စူးစမ်းလေ့လာမှုနှင့် လက်တွေ့ဖော်ဆောင်မှုကို နက်ရှိုင်းစွာ ဆောင်ရွက်ပြီး ဖူကျိုးမြို့၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အားကောင်းသော တွန်းအားကို ပေးပါသည်။