တရုတ်နိုင်ငံ၏ စားသုံးမှုဈေးကွက် အတိုင်းအတာသည် သမိုင်းစံချိန်သစ်တင်

(GMT+08:00)2024-01-22 13:23:58  

တရုတ်နိုင်ငံ၏ စားသုံးမှုအတိုင်းအတာသည် သမိုင်းစံချိန်သစ် တင်ခဲ့ပြီး စားသုံးမှု ဖွဲ့စည်းပုံ လျင်မြန်စွာ အဆင့်မြှင့်တင်ကာ ကောင်းမွန်တိုးတက်လာသဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်သော အဓိကအင်ဂျင်ဖြစ်သည့် အခန်းကဏ္ဍကို ဆက်တိုက်ပါဝင်နေကြောင်း နောက်ဆုံးထုတ်စာရင်းကို ကိုးကား၍ China Media Group က ရေးသားဖော်ပြပါသည်။
  ဆောင်းရာသီသို့ ဝင်ရောက်ပြီးနောက် “ရေခဲဆီးနှင်းစီးပွားရေး”ကို ကိုယ်စားပြုသည့် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးစားသုံးမှု အရှိန်အဟုန်ဖွံ့ဖြိုးတိုးတက်လာပြီး ခရီးသွားလာ ရေး၊ ယဉ်ကျေးမှုနှင့် အားကစားစသည့် စားသုံးမှုများ နက်ရှိုင်းစွာ ပေါင်းစပ်ကာ မျိုးစုံဖွံ့ဖြိုး တိုးတက်ရေးအားသာချက်သစ်ကို ဖြစ်ပေါ်လာခဲ့ကြောင်း၊ ၂၀၂၃ခုနှစ်မှစ၍ တရုတ်နိုင်ငံ အနယ်နယ်အရပ်ရပ်မှ  ဝိသေသထူးခြားချက်ပါရှိသော ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဆိုင်ရာ ကုန်ပစ္စည်းများ အသစ်ထွင်လာပြီး တစ်နိုင်ငံလုံးအွန်လိုင်း ခရီးသွားလာရေး ရောင်းချမှုပမာဏမှာ နှစ်ဆကျော် တိုးများလာခဲ့ကြောင်း၊ စားသုံးမှု ဈေးကွက် ရှင်သန်စွာဖွံ့ဖြိုးတိုးတက်လာပြီး ဝန်ဆောင်မှုလုပ်ငန်းကို အလျင်အမြန် ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးကြောင်း သတင်းအရ သိရပါသည်။