ပြင်သစ် ရေတပ်သည် ပင်လယ်နီ၌ ပြင်သစ်အကျိုးစီးပွားဆိုင်ရာသင်္ဘောများအတွက် ရေကြောင်း ထိန်းသိမ်းစောင့်ရှောက်မှုပေး

(GMT+08:00)2024-01-21 15:39:34  

ဒေသစံတော်ချိန် ဇန်နဝါရီလ ၂၀ရက်နေ့က Djiboutiနိုင်ငံ၌ ပြင်သစ်ရေတပ်မှ သင်္ဘောတစ်စီးသည် Mandab ရေလက်ကြားသို့ ခရီးထွက်ခဲ့ပါသည်။ Mandab ရေလက်ကြား သည် Yemen နှင့် Djibouti နှစ်နိုင်ငံအကြား၌ တည်ရှိပြီး အေဒင်ပင်လယ်ကွေ့နှင့် ပင်လယ်နီကို ချိတ်ဆက်ထားပါသည်။ ယခုတလော Yemen Houthi လက်နက်ကိုင်အဖွဲ့သည် ပါလက်စတိုင်း ဂါဇာဒေသ၌ အစ္စရေးမှ စစ်ပွဲလှုံ့ဆော်ခြင်း ကို ကန့်ကွက်သည့် အနေဖြင့် ပင်လယ်နီ၌ ပြေးဆွဲသော ကုန်သွယ်ရေးသင်္ဘောများကို ဆက်တိုက် တိုက်ခိုက်နေပါသည်။ ပြင်သစ်ရေတပ် အဆင့်မြင့်ကွပ်ကဲရေးအရာရှိက ပြင်သစ် စစ်သင်္ဘောသည် သတ်မှတ်ထားသောအချိန်အတိုင်း ပြင်သစ်အကျိုးစီးပွားနှင့် သက်ဆိုင် သော သင်္ဘောများကို ထိန်းသိမ်းစောင့်ရှောက်ပေးမည်ဟု မီဒီယာအား ပြောကြားခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။