ဂျမေကာ နိုင်ငံ ဝန်ကြီးချုပ် Andrew Holnessသည် ဝမ်ယိနှင့် တွေ့ဆုံ

(GMT+08:00)2024-01-21 15:29:19  

 ဂျမေကာ နိုင်ငံ ဝန်ကြီးချုပ် Andrew Holnessသည် ယခုလ ၂၀ရက်နေ့က Kingstonမြို့တော်တွင် အလည်အပတ် ရောက်ရှိနေသော တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံနှုတ်ဆက် ခဲ့ပါသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် Holnessက ဂျမေကာ နိုင်ငံသည် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူကို ဆက်လက် ခိုင်မာပြတ်သားစွာ စွဲကိုင်ပြီး ဂျမေကာ-တရုတ် ဆက်ဆံမှုကို ဦးစားပေး နေရာတွင် ထားရှိကာ အားကောင်းသော ဂျမေကာ-တရုတ် မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှုကို ဖန်တီးရန် ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဝမ်ယိက တရုတ်ပြည်သည် နိုင်ငံကြီးသည်ဖြစ်စေ၊ နိုင်ငံငယ်သည်ဖြစ်စေ၊ တန်းတူညီမျှ ဖြစ်ရခြင်းကို စွဲကိုင်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာ ရေးရာများတွင် ဂျမေကာ အနေနှင့် ပိုမိုအရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် အားပေးထောက်ခံကြောင်း ပြောကြားခဲ့ပါသည်။