အမေရိကန် ကွန်မာရှယ် လေယာဉ်ငယ်တစ်စီးသည် ဗာဂျီးနီးယား အဝေးပြေးလမ်းမကြီးပေါ်တွင် အရေးပေါ်ဆင်းသက်ခဲ့ရ

(GMT+08:00)2024-01-21 15:40:39  

ဒေသစံတော်ချိန် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့က လူ ၇ ဦးလိုက်ပါလာသည့် အမေရိကန် ကွန်မာရှယ် လေယာဉ်ငယ် တစ်စီးသည် ဗာဂျီးနီးယားပြည်နယ် ဝါရှင်တန် ဒူလယ်စ် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာပြီးနောက် ဗာဂျီးနီးယားပြည်နယ်ရှိ အဝေးပြေးလမ်းမပေါ်တွင် အရေးပေါ်ဆင်းသက်ခဲ့ရပြီး လူသေကျေအနာတရဆုံးရှုံးမှုမရှိကြောင်း ရိုက်တာသတင်းဌာနမှ သတင်းအရသိရပါသည်။ လက်ရှိအချိန်တွင် အမေရိကန် ပြည်ထောင်စု လေကြောင်း စီမံခန့်ခွဲရေးဌာနက ၄င်းမတော်တဆမှု ဖြစ်ပွားရသော အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပါသည်။