၂၀၂၄ ကမ္ဘာ့စီးပွားရေးဖိုရမ် နှစ်ပတ်လည်အစည်းအဝေးတက်ရောက်သူများသည် AI နယ်ပယ်၌ တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ကြ

(GMT+08:00)2024-01-21 15:42:03  

၂၀၂၄ ကမ္ဘာ့စီးပွားရေးဖိုရမ် နှစ်ပတ်လည်အစည်းအဝေးတွင် AI သည် အလွှာပေါင်းစုံ မှ အာရုံစိုက်မှုဖြစ်လာခဲ့ပါသည်။ အစည်းအဝေးတက်ရောက်သူများက AI နယ်ပယ်၌ တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့ကြပါသည်။

ယခုအကြိမ်ဖိုရမ်တွင် အင်တာနက်ကုမ္ပဏီများမှ ကိုယ်စားလှယ်များသည် AI ဆိုင်ရာ နှီးနှောဖလှယ်ပွဲ၌ ပါဝင်ခဲ့ကြပါသည်။ အစည်းအဝေးတက်ရောက်သူများက တရုတ် ကုမ္ပဏီ များသည် ဝန်ဆောင်မှုနှင့် ကုန်ထုတ်လုပ်မှုများတွင် AI နည်းပညာကို အသုံးပြုရန် အဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး ဤနည်းပညာသည် လုပ်ငန်းကုမ္ပဏီများအတွက် လက်တွေ့ကျသော အကျိုးအမြတ်ကို စတင်ဖြစ်ထွန်းလာနေကြောင်း ဖော်ပြခဲ့ကြသည်ဟု သတင်းအရ သိရပါသည်။