ဗီယက်နမ် Dak Lak ပြည်နယ် ရဲစခန်းတိုက်ခိုက်မှု၌ ပါဝင်သူ ဆယ်ဦးအား ထောင်ဒဏ် တစ်သက်တကျွန်း ချမှတ်

(GMT+08:00)2024-01-21 15:42:39  

ဒေသစံတော်ချိန် ယခုလ ၂၀ ရက်နေ့က ဗီယက်နမ်တရားရုံးသည် Dak Lak ပြည်နယ် ရဲစခန်းတိုက်ခိုက်မှု၌ ပါဝင်ပတ်သက်သူ ၁၀၀ အား စီရင်ချက်ချမှတ်ခဲ့ရာ ၎င်းထဲမှ ဆယ်ဦးတို့ အား ထောင်ဒဏ်တစ်သက်တကျွန်း ချမှတ်ပြီး တရားခံ ၄၃ ဦးအား ထောင်ဒဏ် ၆ နှစ်မှ အနှစ် ၂၀ အထိချမှတ်ကာ ကျန်တရားခံများကိုလည်း သက်ဆိုင်ရာ စွဲချက်များဖြင့် ထောင်ဒဏ် အသီးသီးချမှတ်ခဲ့သည်ဟု သတင်းအရသိရပါသည်။

၂၀၂၃ခုနှစ် ဇွန်လ ၁၁ ရက်နေ့က  ဗီယက်နမ်နိုင်ငံ Dak Lak ပြည်နယ်ရှိ ရဲစခန်း ၂ ခုကို လက်နက်ကိုင်များမှ သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လူ ၉ ဦး သေဆုံးပြီး လူပေါင်း များစွာ ဒဏ်ရာရရှိခဲ့ကြသည်ဟု သိရပါသည်။