ယူကရိန်း ရေဒါစခန်းကို တိုက်ခိုက်မိဟု ရုရှားဆိုပြီး ရုရှား ကွပ်ကဲရေးစခန်းကို တိုက်ခိုက်ဟု ယူကရိန်း ဆို

(GMT+08:00)2024-01-21 15:37:25  

ဒေသစံတော်ချိန် ဇန်နဝါရီလ ၂၀ ရက်နေ့က ရုရှားကာကွယ်ရေး ဝန်ကြီးဌာနမှ တိုက်ပွဲအစီရင်ခံစာ ထုတ်ပြန်ခဲ့ရာ ထိုနေ့တွင် ရုရှားစစ်တပ်သည် Kupyansk၊ Donetsk၊ Bonliman စသည့် နေရာများမှာ ယူကရိန်းစစ်တပ်၏ တိုက်ခိုက်မှုကို တွန်းလှန်တိုက်ဖျက်ပြီး ယူကရိန်းစစ်တပ်၏ ဂျာမဏီထုတ် ရေဒါစခန်းနှင့် အမြောက်စနစ် စသည်တို့ကို တိုက်ခိုက်ခဲ့ကြောင်း၊ ရုရှား လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့ကလည်း ယူကရိန်း ဒုံးကျည်များနှင့် ဒရုန်းများကို ကြားဖြတ်တားဆီးခဲ့ကြောင်း ကြေညာခဲ့သည်။

ထိုနေ့တွင်ပင် ယူကရိန်းတပ်မတော်၏ စစ်ဦးစီးချုပ်ရုံးက တိုက်ပွဲအစီရင်ခံစာ ထုတ်ပြန်ခဲ့ရာ ယူကရိန်းစစ်တပ်သည် နေရာများစွာ၌ ရုရှားစစ်တပ်နှင့် တိုက်ခိုက်ခဲ့ပြီး ယူကရိန်းလေတပ်သည် ရုရှား လေကြောင်းရန် ကာကွယ်ရေးစနစ်နှင့် ခဲယမ်းမီးကျောက်တိုက် စသည်တို့ကို တိုက်ခိုက်ကာ ယူကရိန်း ဒုံးကျည်တပ်ဖွဲ့သည် ရုရှား ကွပ်ကဲရေးစခန်းနှင့် အီလက်ထရွန်နစ် စစ်ဆင်ရေး အခြေခံ စခန်း စသည့် ပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း ကြေညာခဲ့သည်။