ရုရှားသမ္မတ ပူတင်က မြောက်ကိုရီးယားသို့ အမြန်ဆုံး သွားရောက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်ဟု မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ပြန်

(GMT+08:00)2024-01-21 15:34:50  

ဇန်နဝါရီလ ၂၁ ရက်နေ့ KCNA ၏ ထုတ်ပြန်ချက်အရ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနသည် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Choe Son Hui ၏ ရုရှားနိုင်ငံသို့ သွားရောက်လည်ပတ်မှု ရလဒ်များဆိုင်ရာ ကြေညာချက်ကို ၂၀ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ကြေညာချက်အရ ခရီးစဉ်အတွင်း မြောက်ကိုရီးယားနှင့် ရုရှားတို့သည် မဟာဗျူဟာမြောက် ကူးလူးဆက်ဆံမှုပြုလုပ်ခဲ့ပြီး သဘောတူညီမှုရရှိခဲ့ကြောင်း၊ ရုရှားသမ္မတပူတင်က မြောက်ကိုရီးယား သို့ အမြန်ဆုံးသွားရောက် ခရီးလှည့်လည်ရန် ဆန္ဒရှိကြောင်း သိရပါသည်။