ကုလသမဂ္ဂသည် တရုတ် နဂါးနှစ်အတွက် အထူးတံဆိပ်ခေါင်း ထုတ်ဝေ

(GMT+08:00)2024-01-20 16:28:31  

ဒေသစံတော်ချိန် ဇန်နဝါရီလ ၁၉ ရက်နေ့က ကုလသမဂ္ဂ စာတိုက်အုပ်ချုပ်ရေးဌာနသည် တရုတ် ရိုးရာသက္ကရာဇ် နှစ်သစ်ကူးပွဲတော် ကျရောက်ခြင်းကို ဂုဏ်ပြုသည့် အနေဖြင့် နယူးယောက်မြို့၌ တရုတ် ရိုးရာသက္ကရာဇ် နဂါးနှစ် အထူးတံဆိပ်ခေါင်းကို ထုတ်ဝေခဲ့သည်။

နဂါးနှစ် အထူးတံဆိပ်ခေါင်း စာရွက်တွင် တံဆိပ်ခေါင်း ၁၀ ခု ပါဝင်ပြီး တစ်ခုလျှင် အမေရိကန်ဒေါ်လာ ၁.၅ တန်ကြေးရှိကာ တစ်ခုလုံးမှာ စုစုပေါင်း ၁၇.၉၅ ဒေါ်လာ ဖြစ်သည်။