Houthi လက်နက်ကိုင်အဖွဲ့အား အမေရိကန်တပ်ဖွဲ့မှ စစ်ရေးတိုက်ခိုက်မှုအသစ်များ ပြုလုပ်ခဲ့ဟု အိမ်ဖြူတော်မှ ပြောကြား

(GMT+08:00)2024-01-20 16:29:05  

ဒေသစံတော်ချိန် ယခုလ ၁၉ ရက်နေ့က အမေရိကန် အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ John Kirby က ယီမင်ရှိ Houthi လက်နက်ကိုင်အဖွဲ့အား အမေရိကန်မှ စစ်ရေးတိုက်ခိုက်မှုအသစ်များ ပြုလုပ်ခဲ့ကြောင်း ထိုနေ့က ထုတ်ဖော်ပြောကြား ခဲ့ပါသည်။

Kirby က ထိုနေ့နံနက်ပိုင်းတွင် အမေရိကန်တပ်ဖွဲ့သည် Houthi လက်နက်ကိုင်အဖွဲ့၏ စစ်ရေးပစ်မှတ်များကို တိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်ဟု သတင်း အရသိရပါသည်။