ဟိုလိဖုန်းသည် တရုတ်-အမေရိကန် ငွေကြေး လုပ်ငန်း အဖွဲ့ လက်အောက်ရှိ အမေရိကန် ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံ

(GMT+08:00)2024-01-20 16:25:06  

တရုတ် နိုင်ငံတော် ကောင်စီ ဒုတိယ ဝန်ကြီးချုပ်၊ တရုတ်-အမေရိကန် စီးပွား ကုန်သွယ်ရေး ဆိုင်ရာ တရုတ်ဘက်မှ ဦးဆောင်သူ ဟိုလိဖုန်းသည် ယခုလ ၁၉ရက်နေ့က ဘေကျင်းတွင် တရုတ်-အမေရိကန် ငွေကြေး လုပ်ငန်း အဖွဲ့ လက်အောက်ရှိ အမေရိကန် ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။

ဟိုလိဖုန်းက တရုတ်ဘက်သည် အမေရိကန်ဘက်နှင့် အတူ နှစ်နိုင်ငံ ထိပ်သီး ခေါင်းဆောင်များ၏ San Francisco တွေ့ဆုံဆွေးနွေးပွဲတွင် ရရှိခဲ့သော အရေးကြီး သဘောတူညီချက်များကို လက်တွေ့ဖော်ဆောင်ပြီး နှစ်နိုင်ငံ ဆက်ဆံရေးကို စဉ်ဆက်မပြတ် ကောင်းမွန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်နိုင်အောင် တွန်းအားပေးရန် လက်တွဲ ကြိုးပမ်း ဆောင်ရွက်လိုကြောင်း၊ နှစ်ဖက်တို့သည် ငွေကြေးလုပ်ငန်းအဖွဲ့ ယန္တရားကို ဆက်လက် ကောင်းမွန်စွာ အသုံးပြုပြီး အောင်မြင်မှု အကျိုးရလဒ်များကို အဆက်မပြတ် ရရှိနိုင်အောင် ငွေကြေး နယ်ပယ်မှ ပူးပေါင်းဆောင်ရွက်မှု အလားအလာကို ခိုင်မာတိုးတက်စေရန် ဆောင်ရွက် သင့်ကြောင်း ပြောကြားခဲ့ပါသည်။