တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားသို့ မိုင်းရှင်းလင်းရေးစက်ကိရိယာများနှင့် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အထောက်အပံ့များ ပံ့ပိုး

(GMT+08:00)2024-01-20 16:26:44  

ကမ္ဘောဒီးယားနိုင်ငံသို့ တရုတ်နိုင်ငံ၏ မိုင်းရှင်းလင်းရေး စက်ပစ္စည်းများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းနှင့် တရုတ်-ကမ္ဘောဒီးယား မိုင်းရှင်းလင်းရေး ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်၌ ၁၈ ရက်နေ့က ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဝမ်ဝင်ထျန်း၊ ကမ္ဘောဒီးယား မိုင်းရှင်းလင်းရေးနှင့် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးအေဂျင်စီ၏ ပထမဒုတိယဥက္ကဋ္ဌ လီထူးတို့ တက်ရောက်ကြပါသည်။

ဝမ်ဝင်ထျန်းက ယခုအကြိမ် ကမ္ဘောဒီးယားနိုင်ငံသို့ မိုင်းရှာဖွေရေးနှင့် ရှင်းလင်းရေး စက်ပစ္စည်းများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများကို တရုတ်နိုင်ငံက လှူဒါန်းခဲ့ပြီး ကမ္ဘောဒီးယားနှင့် မိုင်းရှင်းလင်းရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာအသစ် လက်မှတ်ရေးထိုးခြင်းသည် ၂၀၂၅ ခုနှစ်တွင် ကမ္ဘောဒီးယား နိုင်ငံ မြေမြှုပ်မိုင်း ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းရေးစီမံကိန်းကို ဘက်စုံအကောင်အထည်ဖော်ဆောင် နိုင်ရေး အတွက် ထောက်ပံ့ကူညီခြင်းဖြစ်ရုံသာမကာ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး စီမံချက်များကို အကောင်အထည် ဖော်ဆောင်ရန် တရုတ်နိုင်ငံ၏ လက်တွေ့ကျသော လုပ်ဆောင်ချက်လည်း ဖြစ်ကြောင်း ပြောကြားပါသည်။

လီထူးက ယခုအကြိမ် ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံတို့ကြား မိုင်းရှင်းလင်းရေး ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းသည် အလွန်အရေးကြီးကြောင်း ပြောကြားပါသည်။