၂၀၂၃ခုနှစ်က တရုတ်နိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ယွမ် ၁.၁ ထရီလီယံကို အသုံးပြု နိုင်ခဲ့

(GMT+08:00)2024-01-20 16:26:09  

တရုတ်စီးပွားကုန်သွယ်ရေးဝန်ကြီးဌာနမှ ယခုလ ၁၉ ရက်နေ့က ထုတ်ပြန်သည့် အချက်အလက်များအရ ၂၀၂၃ ခုနှစ်က တရုတ်တစ်ပြည်လုံးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်သော လုပ်ငန်းသစ် ၅၃၇၆၆ ခုကို တည်ထောင်ပြီး ၂၀၂၂ ခုနှစ်ကထက် ၃၉.၇ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊ လက်တွေ့အသုံးပြုခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏမှာ  ယွမ် ၁၁၃၃.၉၁ ဘီလီယံရှိပြီး ၂၀၂၂ ခုနှစ်ကထက် ၈ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း သိရသည်ဟု ဆင်ဟွာ သတင်းဌာန က ဖော်ပြပါသည်။