ပင်လယ်နီအခြေအနေတင်းမာမှုသည် ဂါဇာဒေသအချင်းပွားမှု၏ သက်ရောက်မှုများ ကျယ်ပြန့်လာသော ထင်ရှားသည့် လက္ခဏာဖြစ်သည်ဟု တရုတ် ဆို

(GMT+08:00)2024-01-20 16:25:41  

ဇန်နဝါရီလ ၁၉ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်သည် ပုံမှန်သတင်းစာရှင်းလင်းပွဲကို ကြီးမှူးကျင်းပခဲ့ပြီး သတင်းထောက် တစ်ဦးက လက်ရှိပင်လယ်နီအခြေအနေနှင့်ပတ်သက်၍ မေးမြန်းခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

မော်နင်က လက်ရှိပင်လယ်နီအခြေအနေနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အီဂျစ်နိုင်ငံ၌ တရုတ်နိုင်ငံ၏ရပ်တည်ချက်ကို ရှင်းလင်းဖော်ပြခဲ့ကြောင်း၊ ပင်လယ်နီရပ်ဝန်းသည် နိုင်ငံတကာကုန်စည်နှင့်စွမ်းအင်ကုန်သွယ်ရေးဆိုင်ရာ အရေးကြီး လမ်းကြောင်းဖြစ်ကြောင်း၊ မိမိတို့သည် အရပ်ဘက်သင်္ဘောများကို အနှောက်အယှက်ပေးမှု များ ရပ်စဲပြီး တစ်ကမ္ဘာလုံး ကုန်ထုတ်လုပ်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်၏ ချောမွေ့မှု နှင့် နိုင်ငံတကာကုန်သွယ်ရေးစည်းစနစ်ကို ထိန်းသိမ်းရန် ပန်ကြားကြောင်းပြောကြားခဲ့ပါသည်။ ပင်လယ်နီအခြေအနေတင်းမာမှုသည် ဂါဇာဒေသ အငြင်းပွားမှု၏ သက်ရောက်မှုများ ကျယ်ပြန့်လာသော ထင်ရှားသည့်လက္ခဏာဖြစ်ကြောင်း၊ လောလောဆယ် အရေးကြီးကိစ္စ သည် ဂါဇာဒေသစစ်ပွဲကို အမြန်ဆုံးရပ်စဲပြီး အချင်းပွားမှုများ ဆက်လက်ကျယ်ပြန့် မလာစေရန်နှင့် မထိန်းချုပ်နိုင်သည့် အခြေအနေ၌ မကျရောက်စေရန် ဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အလေးအနက် ပြောကြားခဲ့ကြောင်း ပြောဆိုပါသည်။