“နိုင်ငံတော် အင်ဂျင်နီယာဆု” ပထမဆုံး အကြိမ် ချီးမြှင့်ခြင်းနှင့် ပတ်သက်၍ ရှီကျင့်ဖိန် အရေးကြီး ညွှန်ကြားချက် ပြောကြား

(GMT+08:00)2024-01-20 16:24:33  

“နိုင်ငံတော် အင်ဂျင်နီယာဆု”ကို ပထမဆုံး အကြိမ် ချီးမြှင့်သည့် အခါသမယတွင် တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် “ထူးချွန်သော နိုင်ငံတော် အင်ဂျင်နီယာ”ဆုနှင့် “ထူးချွန်သော နိုင်ငံတော် အင်ဂျင်နီယာအဖွဲ့”ဆု ရရှိသူများကို ဂုဏ်ပြုကြောင်း ဖော်ပြသည့် အပြင် အင်ဂျင်နီယာသည် အင်ဂျင်နီယာ ဆိုင်ရာ သိပ္ပံနည်းပညာကို တွန်းအားပေးပြီး လူသားတို့၏ ချမ်းသာသုခကို ဆောင်ကြဉ်းပေးကာ အနာဂတ်ကို ဖန်တီးပေးသော အရေးကြီး အင်အား ဖြစ်၍ နိုင်ငံတော် မဟာဗျူဟာမြောက် လူရည်ချွန် အရင်းအမြစ်များ၏ အရေးကြီး အစိတ်အပိုင်း ဖြစ်ကြောင်း ညွှန်ကြားပြောဆိုခဲ့ပါသည်။

ယခုအကြိမ်သည် တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီနှင့် နိုင်ငံတော် ကောင်စီတို့က ပထမဆုံးအကြိမ် ချီးမြှင့်သည့် ဆုဖြစ်ပြီး “နိုင်ငံတော် အင်ဂျင်နီယာဆု”ကို လူပုဂ္ဂိုလ် ၈၁ဦးနှင့် “ထူးချွန်သော နိုင်ငံတော် အင်ဂျင်နီယာ အဖွဲ့”ဆုကို အဖွဲ့ ၅၀ အား အသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရပါသည်။