လိဘို Hypericum သစ်ပင် မျိုးစိတ်သစ်ကို သိပ္ပံပညာ သုတေသီများက ရှာဖွေတွေ့ရှိ

(GMT+08:00)2024-01-19 15:05:58  

တရုတ် နိုင်ငံ ကွေ့ကျိုးပြည်နယ် လိဘိုခရိုင်ရှိ မော့လန် အမျိုးသား သဘာဝ ကာကွယ်ရေးဇုန်တွင် အမည်မသိသော သစ်ပင်တစ်မျိုးကို သုတေသီများက ရှာဖွေတွေ့ရှိခဲ့သည်။ Morphology ဗေဒ နှင့် Molecular ဗေဒ လေ့လာမှုများ အရ ဤသစ်ပင်မျိုးစိတ်သည် Hypericum အမျိုးအစား မျိုးစိတ်သစ် ဖြစ်ပြီး ၎င်းကို လိဘိုခရိုင်တွင် ရှာဖွေတွေ့  ရှိသည့်အတွက် သစ်ပင်၏အမည်ကို လိဘို Hypericum ဟု အမည်ပေးခဲ့သည်။ အဆိုပါ မျိုးစိတ်သစ်နှင့်ပတ်သက်ပြီး မကြာသေးမီက နိုင်ငံတကာ အပင် အမျိုးအစားခွဲခြားရေးဆိုင်ရာ ဂျာနယ် PhytoKeys တွင် ဆောင်းပါးထုတ်ပြန်ခဲ့သည်။