ကုတ်ဒီဗွား သမ္မတ Ouattara သည် ဝမ်ယိနှင့် တွေ့ဆုံ

(GMT+08:00)2024-01-19 14:38:45  

ဒေသစံတော်ချိန် ဇန်နဝါရီလ ၁၇ ရက်နေ့က ကုတ်ဒီဗွားနိုင်ငံ သမ္မတ Ouattara သည် အာဘီဂျန်မြို့တွင် အလည်အပတ်ရောက်ရှိနေသော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။

Ouattara က ကုတ်ဒီဗွားသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို ဆက်လက် ဦးစား ပေး မည် ဖြစ်ပြီး တရုတ်နိုင်ငံ၏ အောင်မြင်သော အတွေ့အကြုံများကို လေ့လာသင်ယူရန်၊ နယ်ပယ် အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ရန်၊ ကုတ်ဒီဗွားနိုင်ငံ၌ တရုတ်-အာဖရိက ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ်၏ ရလဒ်များ ပိုမိုအကောင်အထည်ဖော်ရေးကို မြှင့်တင်ရန်နှင့် နှစ်နိုင်ငံပြည်သူများအတွက် အကျိုးစီးပွားများကို ပိုမိုကောင်းမွန်စွာ ဆောင် ကြဉ်း ပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

ဝမ်ယိက တရုတ်နိုင်ငံသည် အာဖရိကနိုင်ငံများနှင့်အတူ မိမိနိုင်ငံတို့၏ အခြေ အနေ များနှင့် ကိုက်ညီပြီး  ကိုယ်ပိုင် လွတ်လပ်ရေးကို ထိန်းသိမ်းနိုင်ကာ ဘုံဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးတို့ကို အကောင်အထည်ဖော်ဆောင်နိုင်သော ထိရောက်သည့် နည်းလမ်း ကို ရှာဖွေလို၍ ခေတ်မီတိုးတက်ရေးသို့ အတူတကွ တက်လှမ်းလိုပါကြောင်း ပြောကြား ခဲ့သည်။