စားသုံးမှုဆိုင်ရာ အလားအလာကို တိုးချဲ့ ဖော်ထုတ်ပြီး အကျိုးသက်ရောက်မှုရှိသော ရင်းနှီးမြှုပ်နှံမှုများကို ချဲ့ထွင်မည်ဟု တရုတ်နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် ဆို

(GMT+08:00)2024-01-19 16:19:26  

   ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးသည် သတင်းစာရှင်းလင်းပွဲကို ကျင်းပပြီး မက်ခရို စီးပွားရေး အခြေအနေနှင့် မူဝါဒများကို ရှင်းလင်း ပြောကြားခဲ့ပါသည်။

   တရုတ်နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ လျူစူရှေက ၂၀၂၃ ခုနှစ်အတွင်း တရုတ်ပြည် စီးပွားရေးတွင် တည်ငြိမ်မှု၊ တိုးတက်မှု၊ ကောင်းမွန်မှု အပါအဝင် လက္ခဏာသုံးချက် ပေါ်လွင်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၏ တရုတ်ပြည် ဖွံ့ဖြိုးတိုးတက်မှုတွင် အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ တစ်ပြိုင်တည်း ဆက်လက် တည်ရှိသွားမည် ဖြစ်ပြီး ခြုံပြီးကြည့်လျှင် ကောင်းသည့်အချက်တွေသည် မကောင်းသည့် အချက်တွေထက် များပြီး တရုတ်ပြည် စီးပွားရေး ပုံမှန် တည်ငြိမ်စွာ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အပြုသဘောဆောင်သော အကြောင်းရပ်တွေ များမြဲများနေ သေးကြောင်း၊ စားသုံးမှုဆိုင်ရာ အလားအလာကို တိုးချဲ့ ဖော်ထုတ်ပြီး အကျိုးသက်ရောက်မှု ရှိသော ရင်းနှီးမြှုပ်နှံမှုများကို ချဲ့ထွင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။