ထျန်ကျိုး-၇သည် တရုတ်အာကာသယာဉ်မှူးများထံသို့ နဂါးနှစ်အတွက် "နှစ်သစ်ကူး ကုန်ပစ္စည်းများ" ပို့ဆောင်ပေး

(GMT+08:00)2024-01-19 14:39:37  

ဘေကျင်း စံတော်ချိန် ဇန်နဝါရီလ ၁၇ ရက်နေ့ ည ၁၀ နာရီ ၂၇ မိနစ်တွင် ထျန်ကျိုး-၇ ကုန်တင်အာကာသယာဉ်ကို တင်ဆောင်သော လောင်းမတ်ခ်ျ- ၇  ယော-၈ သယ်ဆောင်ဒုံးပျံကို တရုတ်နိုင်ငံ ဝင်ချမ်း အာကာသယာဉ် လွှတ်တင်ရေးစခန်းမှ လွှတ်တင်ခဲ့သည်။ ၁၀ မိနစ်ခန့်အကြာတွင် ထျန်ကျိုး-၇ ကုန်တင်အာကာသယာဉ်နှင့် ဒုံးပျံသည် အောင်မြင်စွာ ခွဲထွက် ပြီး ကြိုတင်သတ်မှတ်ထားသော ပတ်လမ်းကြောင်းသို့ ဝင်ရောက်ခဲ့ သည်။ ထို့နောက် အာကာသယာဉ်၏ ဆိုလာပြားများကို ချောမွေ့စွာ ဖြန့်ကျက်အသုံးပြုခဲ့၍ ယခုအကြိမ် လွှတ်တင်မှု ပြီးမြောက်အောင်မြင်ခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။

ထျန်ကျိုး-၇ ကုန်တင်အာကာသယာဉ်သည် အာကာသယာဉ်မှူးများအတွက် ပတ်လမ်းကြောင်းတွင် ရှိနေစဉ် လူ အသုံးအဆောင် ပစ္စည်းများ၊ ပန်ကာများနှင့် အပလီကေးရှင်း စမ်းသပ်ကိရိယာများကို တင်ဆောင်ပြီး အာကာသ ယာဉ်မှူးများ အတွက် တရုတ်နဂါးနှစ်၏ နွေဦးပွဲတော် "နှစ်သစ်ကုန်ပစ္စည်းများ" ကိုလည်း ပေးပို့ ခဲ့ပါ သည်။