ဥရောပလွှတ်တော်မှ အတည်ပြုသော ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေး ပန်ကြားသည့် ဆုံးဖြတ်ချက်ကို ကြိုဆိုပါကြောင်း ပါလက်စတိုင်း အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုအဖွဲ့ ဆို

(GMT+08:00)2024-01-19 14:40:17  

ပါလက်စတိုင်းနိုင်ငံတော်သတင်းဌာနမှ ဇန်နဝါရီလ ၁၈ရက်နေ့တွင် ထုတ်ပြန်သည့် သတင်းအရ ပါလက်စတိုင်း အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုအဖွဲ့ (Fatah) သည် ဥရောပလွှတ်တော်၏ ထိုနေ့တွင် မဲပေးအတည်ပြုခဲ့သော ဂါဇာဒေသ အပစ်အခတ် ရပ်စဲရန် ပန်ကြားချက်ဆုံးဖြတ်ချက်နှင့် ဂါဇာ ဒေသရှိ ပါလက်စတိုင်း လူမျိုး များ အတွက် လူသားချင်းစာနာထောက်ထားမှု လျှင်မြန်စွာ ပြုလုပ်ပေးရန် ပန်ကြားချက်ကို ကြိုဆို ကြောင်း ဖော်ပြခဲ့ပါသည်။

မကြာခင်က ဥရောပ လွှတ်တော်သည် ဂါဇာ ဒေသ ထာဝရ အပစ်အခတ် ရပ်စဲရေး ပန်ကြားသည့် ဆုံးဖြတ်ချက်မူကြမ်းအတွက် မဲခွဲဆုံးဖြတ်ခဲ့ပြီး နောက်ဆုံးတွင် ယင်းမူ ကြမ်းကို ထောက်ခံမဲ ၃၁၂ မဲ၊ ကန့်ကွက်မဲ ၁၃၁ မဲနှင့် ကြားနေမဲ ၇၂ မဲဖြင့် အတည်ပြုခဲ့ပါသည်။